ကျောက်ပန်းတောင်းအသင်း

၁၀ နှစ်ပြည့် ဝီကီပီဒီးယား

၂၀၁၀ ဇန်န၀ါရီ ၁၅ ရက်နေ့တွင် အခမဲ့ ၀ီကီပီဒီးယား Wikipedia အွန်လိုင်းစွယ်စုံကျမ်းကြီး ဆယ်စုနှစ်တစ်ခု ပြည့်ခဲ့ပြီဖြစ်သည်။ ၀ီကီပီဒီးယား ကို နေ့စဉ် လူသန်း ၄၁၀ ကျော်ကြည့်ပြီး၊ လက်ရှိ ပဉ္စမလူကြည့်အများဆုံး အင်တာနက် ၀ဘ်ဆိုဒ်ဖြစ်သည်။

သိပ္ပံ၊ သချာင်္၊ ဘာသာစကား၊ အနုပညာ၊ ယဉ်ကျေးမှု၊ သမိုင်း၊ အာကာသ၊ အားကစား စတဲ့ လိုချင်သမျှ အင်ဖော်မေးရှင်းတိုင်းကို ၀ီကီပီဒီးယားတွင် ရှာဖွေကြည့်နိုင်သည်။ ဘာသာစကား ၂၇၀ ဖြင့် ဆောင်းပါး ၁၇ သန်းကျော် ရှိနေသည်။ မည်သူမဆို အွန်လိုင်းစွယ်စုံကျမ်းကြီးတွင် ၀င်ရေးနိုင်ပြီး ၀ီကီပီဒီးယား ဗော်လန်တီယာအဖွဲ့က ဦးဆောင်တည်းဖြတ်ပေးသည်။

ဝီကီပီဒီးယား ၀ဘ်ဆိုဒ်ရဲ့ ထူးခြားချက်မှာ နေ့စဉ် လူသန်း ၁၀၀ ကျော် အသုံးပြုနေတဲ့ ဒေါ်လာ ၅၀ ဘီလီယံ တန်ဖိုးရှိ Facebook ၀ဘ်ဆိုဒ်မျိုးနှင့်မတူ။ အမြတ်မရရှိတဲ့ လုပ်ငန်းကြီးဖြစ်သည်။ ကာလီဖောနီးယား ဆီလကွန်ဗဲ့လီမှ ကမ္ဘာ့ နံပါတ်တစ် Google ၀ဘ်ဆိုဒ်လုပ်ငန်းကို သွားကြည့်ရင် ကုလသမဂ္ဂရုံးကြီးထက်သာတဲ့ ခေတ်မှီအဆောက်အဦကြီးများနဲ့ ဘီလီယံနာများကို တွေ့ရမည်။ ၀ီကီပီဒီယား စွယ်စုံကျော်ထင် ပညာရေးလုပ်ငန်းတွင်တော့ ရုံးခန်းခတောင် နှစ်စဉ်ပေးဖို့ အနိုင်နိုင်။

ဝီကီပီးဒီးယား တည်ထောင်သူ ပိသုကာ Jimmy Wales က ဆန်ဖရန်စစ္စကို အခြေစိုက် သူ့ရဲ့ အခမဲ့ အွန်လိုင်းစွယ်စုံကျမ်းကို စီးပွားရေးဆန်ဆန် လုပ်လိုက်လျှင်၊ ဖေ့စ်ဘွတ်တည်ထောင်သူ Mark Zuckerberg လို နေ့ချင်းညချင်း ဘီလီယံနာ ဖြစ်သွားနိုင်သည်ဟု စီးပွားရေးသမားများက အကြံပေးသည်။ သို့သော် ဂျင်မီက ခံစားချက်ပြင်းသည်။ သူဘီလီယံနာ ဖြစ်ဖို့ထက်၊ လူတိုင်း အသိပညာ အဆင်သင့် ခူးခပ် စားသုံးနိုင်ရေးမှာ သူ့မဟာရည်ရွယ်ချက်ကြီး ဖြစ်သည်။ အသိပညာနဲ့ အင်ဖော်မေးရှင်း အတွက် ငွေကြေးက အတားအဆီး ဖြစ်နေစရာမလို။ ကမ္ဘာကြီးထဲက ဘာသိချင်လဲ။ အနန္တစင်္ကြာဝဠာထဲက ဘာသိချင်လဲ သူ့ဆိုဒ်ထဲ ရိုက်ရှာလိုက်၊ ထွက်လာစေဖို့က သူ့အလုပ်။

ဂျင်မီက နောက်ငါးနှစ်တွင် တစ်နေ့ လူ တစ်ဘီလီယံ (သန်းတစ်ထောင်) နေ့စဉ် ၀ီကီပီးဒီယားကို ကြည့်နိုင်ဖို့ ပစ်မှတ်ထား လုပ်နေသည်။ ထိုစီမံကိန်း အကောင်အထည်ဖော်ဖို့ အကောင်းဆုံးနေရာမှာ အိန္ဒိယ ဖြစ်နေသည်။ အိန္ဒိယတွင် လူဦးရေ တစ်ဘီလီယံကျော်ရှိသည်။ အင်တာနက် ပိတ်ဆို့မှုမရှိ။ မိုဘိုင်းဖုန်းများ ပီစီများကို ဈေးပေါပေါဖြင့် စတင်အသုံးပြု လာနေကြသည်။ အိန္ဒိယအပြင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများကိုပါ အင်ဖော်မေးရှင်း ရှယ်ဖို့ ပစ်မှတ်ထားသော်လည်း တရုတ်တွင် ၀ီကီပီဒီးယား ဆာဗာထားဖို့ မလွယ်။ ဘာသာစကား အခက်အခဲနှင့် နည်းပညာ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်။

ဝီကီပီးဒီးယားကြောင့် ကမ္ဘာကျော် ဘရစ်တန်နီကာ စွယ်စုံကျမ်း စာအုပ်ကြီးများမှာ စာအုပ်စဉ်များတွင် ပြတိုက်သဖွယ် ခေတ်အောက်သွားရသည်။ ဘရစ်တန်နီကာထဲ အကြောင်းအရာ သစ်တစ်ခု ဖြည့်စွက်ဖို့ ၁၀နှစ်လောက် စောင့်နေရချိန်တွင်၊ ၀ီကီပီးဒီးယားမှာ မိနစ်ပိုင်းအတွင်း ဖြည့်စွက် တည်းဖြတ်သွားနိုင်သည်။ အပြည့်စုံဆုံး၊ ရည်ညွှန်းကိုးကားမှု အများဆုံး၊ ရှာဖွေနိုင်မှု အလွယ်ဆုံး၊ အခမဲ့စွယ်စုံကြမ်းကြီး ဖြစ်သည်။

ယခု ၀ီကီပီဒီးယား ၁၀ နှစ်ပြည့် အခမ်းအနားကို နိုင်ငံပေါင်း ၃၀၀ ကျော်တွင် အွန်လိုင်းမှ နည်းပေါင်းစုံဖြင့် ကျင်းပခဲ့ကြသည်။ မြန်မာဝီကီပီဒီးယား အဖွဲ့က လည်း ရန်ကုန်မြို့ အလုံလမ်းရှိ ABC Learning Center တွင် နိုင်ငံတကာ ၀ီကီပီဒီးယား ၁၀နှစ်ပြည့် အခမ်းအနားနှင့်အတူ မြန်မာဝီကီပီဒီးယား တိုးတက် လာဖို့အတွက် ဆွေးနွေးခဲ့ကြသည်။

မောက္ခ ပညာရေး မဂ္ဂဇင်း http://www.maukkha.org/

link for more info…

http://en.wikipedia.org/wiki/Kyaukpadaung

http://wikimyanmar.co.cc/kyaukpadaung

Advertisements

January 17, 2011 - Posted by | နယ်စုံသတင်း |

1 Comment »

  1. Dear sanwin (kyaukpadaung),
    Good website! Thanks for sharing.

    Comment by Miss K | January 19, 2011 | Reply


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: