ကျောက်ပန်းတောင်းအသင်း

သီတဂူ အလင်းရောင်အလှူ

Missionary and Ministry ဟူသော သာသနာပြုနည်းကို မူထားလျက် သီတဂူဆရာတော်ကြီး ဦးဆောင် လျက် သီတဂူ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် သူနာပြု ဆရာ ဆရာမများ ၁၄ ယောက်အဖွဲ့တို့သည် ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ ကဒုံကနိတိုက်နယ်ဆေးရုံတွင် သီတဂူစက္ခုဒါန အလှူတော်များ ပြုလုပ်ခဲ့သည်။ ကဒုံကနိကျေးရွာသို့ ဘိုကလေးမြို့မှ သင်္ဘောဖြင့် ၄ နာရီကျော် စီးရသည်။ လမ်းခရီးက ကြမ်းသည်။ ထော်လာဂျီ၊ ဆိုက်ကား၊ လှေ၊ မော်တော်ဘုတ်များဖြင့်သာ သွားနိုင်သည်။ သက်တော် ၇၄ နှစ်ရှိသော ဆရာတော်ကြီးသည် ထိုခရီးကြမ်းကို မမှုဘဲ ထိုဒေသရှိ မျက်စိဝေဒနာရှင်များအား အစဉ်သနား သော ကရုဏာ၏ အစွမ်းကြောင့်သာ ဆိုက်ကားတတန် ထော်လာဂျီတမျိုး လေသင်္ဘောတဖုံတို့ဖြင့် အဆင်ပြေချောမွေ့စွာ သွားနိုင်ခဲ့သည်။

၁၈-၁-၂၀၁၁ နေ့ကစပြီး တိုက်နယ်ဆရာဝန် ဒေါက်တာအေးနိုင်နှင့်အဖွဲ့၊ သီတဂူအာယုဒါနဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော်နှင့် သီတဂူဒေါက်တာ ဒေါ်မိမိခင် တို့ဦးဆောင်သော သီတဂူဆရာ ဆရာမများက မျက်စိဝေဒနာရှင်များကို ကြိုတင် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ကြသည်။ ၁၉-၂၀-၂၁-၂၂-၂၃-၂၄ ရက်များတွင် မျက်စိအထူးကု ဆရာဝန်ကြီးများဖြစ်ကြသော ဒေါက်တာမြအောင်၊ ဒေါက်တာ စဂျေလွင်၊ ဒေါက်တာတင်ဇော်ဦးတို့က ခွဲစိတ်ကုသမှုများ ပြုလုပ်ကာ အလှူဒါနပြုခဲ့ကြပါသည်။
လူနာများ
စမ်းသပ်လူနာ- အယောက် ၁၀၀၀ ကျော်
ခွဲစိတ်လူနာ-၂၈၃ ယောက်
ဤသို့အားဖြင့် ၁၀၀၀ ကျော်သော မျက်စိဝေဒနာရှင်များကို ကုသမှုများပြုလုပ်ကာ ၂၈၃ ယောက်သော မျက်စိဝေဒနာရှင်များအား အလင်းရောင်ပေးလှူနိုင်ခဲ့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ – သီတဂူစတား – ၂၅-၁-၂၀၁၁ http://www.sitagustar.net/2011/01/blog-post_24.html

Advertisements

January 26, 2011 - Posted by | နယ်စုံသတင်း

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: