ကျောက်ပန်းတောင်းအသင်း

သောကြာသားပါခင်ဗျာ

ဒီပုံပြင်ကိုရေးလို့ရှိရင် သိသွားလို့ကတော့ ကျွန်တော် အဆဲခံရမှာ သေချာတယ်။ ဒါပေမယ့် ရေချင်တာ ကြာနေပြီ။ အဲတော့ နာမည်ပြောင်း ရေးမယ်။ သောကြာသား ပုံပြင်က ဒီက စတယ်။

အဲဒီရွာလေးက နေချင့်စဖွယ် သာယာတယ် (ဘယ်ရွာလဲ မမေးနဲ့ မပြောဘူး)။  တောင်ကျချောင်း ဘေးက ရွာတန်းရှည်လေးပေါ့။ မြသိန်းတန် တောင်ကုန်း ဆိုတာ အစိုးရ ကြိုးဝိုင်းသစ်တော အဖြစ် သတ်မှတ်ထားတာ မကြာသေးဘူး။ ယခင့် ယခင်ကဆို နွေရာသီ အလုပ်ပါးချိန် ထင်းခုတ်ချင်တိုင်းခုတ် လို့ရတယ်။ သန်းပင်၊ ဒဟတ်ပင်၊ ရှားပင်၊ ဇီးပင်၊ ဝါးပင်တွေ အိုး.. အညာဒေသ ပေါက်တဲ့ အပင် စုံလို့ပေါ့။ ကြိုးဝိုင်းသစ်တော အဖြစ် သတ်မှတ်ပီးကတည်းက မြသိန်းတန် တောင်ကုန်းမှာ ထင်းမခုတ်ရတော့ဘူး။ တောခေါင်းက ချောင်းဖမ်းတယ်။  ဒါပေမယ့် တခါတခါ ခိုးခိုး ခုတ်ကြတယ်။ သိတယ်မလား။ အဲဒီမှာ စတွေ့တာ။

တနေ့တော့ ရွာတန်းရှည် ရွာလေးက ဦးလေးကြီးတွေ ကြိုးဝိုင်းသစ်တော မှာ ထင်းခိုးခုတ်ကြတယ်။ နံနက်ကြီးစောစော ၅ နာရီလောက်တည်းက လှည်း ကိုယ်ဆီနဲ့ ထွက်လာကြပြီး လှည်းနွားများ အရိပ်ကောင်းတွင် ထားကာ ထင်းခုတ်ရန် ပြင်ကြတယ်။ မိုးလင်းတည်းက တိုးတိုး ကြိတ်ကြိတ် ခုတ်ကြ တယ်။ ကံဆိုးချင်တော့ နံနက် ၉ နာရီလောက် ကျတော့ တောခေါင်းက ဖမ်းမိသွားတယ်။ အားလုံးပေါင်း (၇) ယောက်။ ကျောက်ပန်းတောင်း-ချောက် ကားလမ်း ဘေးက သစ်ပင်မှာ “သစ်တစ်ပင်ခုတ် အချုပ်သုံးလ” တဲ့ ရေးထားတာ တွေ့ဖူးတယ်။ ထင်း ခုတ်တာ ဆိုတော့ ဘယ်လောက်ကျခံရမလဲ မသိ။ ဦးလေးကြီးများ ကြောက်ဒူး တုန်နေ၏။

Continue reading

Advertisements

February 28, 2011 Posted by | အညာမြေအလှစာပေကဏ္ဍ | 1 Comment

မေတ္တာရောင်ပြန်

လွန်ခဲ့သော ၁၅-နှစ်ခန့်က ဖြစ်သည်။ ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ကျင်း ညောင်ရွာ၌ အဘိုးဦးထွန်းရှင်နှင့် အဘွားဒေါ်အုံးမြတို့ နေထိုင်ကြသည်။အဘိုးအဘွားတို့သည် သမီးသုံးဦးရှိရာတွင် အငယ်ဆုံးသမီးဖြစ်သူ မကြည်ဌေးနှင့်သာ နေထိုင်၏။ မကြည်ဌေးသည် အလယ်တန်းပြ ဆရာမဖြစ်၍ ရွာနှင့် ၂-မိုင်ကျော်ခန့်ဝေးသော ကျောင်းသို့ နေ့စဉ်လိုလို သွားရ၏။ အဘိုးဦးထွန်းရှင်သည် အသက်အရွယ်ကြီးလာ၍ လယ်ယာလုပ်ငန်းများကို ကိုယ်တိုင်မလုပ်နိုင်၊ အလုပ်သမားများကိုသာ ငှါးရမ်းပြီး ကြီးကြပ် စေခိုင်းနေရ၏။

တနေ့ အဘိုး ဦးထွန်းရှင်သည် ပျိုးကြဲထားသော ယာခင်းများကို ကြည့်ရှုရန် တံစဉ်တချောငှ်းင့် ခြင်းတောင်းတလုံးကိုယူကာ အိမ်မှထွက်လာခဲ့သည်။ အဘိုး ဦးထွန်းရှင်သည် ယာခင်းထဲသို့ ရောက်သောအခါ ပေါင်းမြက်များကို နုတ်ယူရှင်းလင်းနေစဉ် မိမိယာခင်းနှင့် မလှမ်းမကမ်းတွင် လူအများ စုရုံးနေပြီး နွားသံ၊ လူသံ ရောယှက်နေသော အသံစုံကို ကြားရသောကြောင့် သွားရောက်ကြည့်ရှုသည်။ ထိုအခါ နွားမတကောင်ကို သတ်ဖြတ်ရန် ပြင်ဆင်နေသော အနိဋ္ဌာရုံကို မြင်တွေ့ရသဖြင့် စိတ်မကောင်းကြီးစွာဖြစ်ရသည်။

February 27, 2011 Posted by | အညာမြေအလှစာပေကဏ္ဍ | 1 Comment