ကျောက်ပန်းတောင်းအသင်း

HIV-AIDS ကြောက်သင့်သလား

HIV/ AIDS နဲ့ ပတ်သက်လို့ ခက်ခဲလှတဲ့ ကိစ္စတွေထဲက တစ်ခုက တစ်ဖက်က နောက်ထပ် ရောဂါပိုး ပြန့်ပွားမှုတွေ များမလာအောင် ထိန်းချုပ်နိုင်ဖို့ ကာကွယ်ရေး ဆိုင်ရာ အသိပညာ တွေကို ပေးရသလို တစ်ဖက်ကလည်း ရောဂါပိုးနဲ့ နေထိုင်ရသူတွေ ခွဲခြား ဆက်ဆံ မခံရအောင် နာမည်ဆိုး သတ်မှတ် မခံရအောင် ကြိုးစားနေရခြင်းပါ။ ကုလို့ မပျောက်တဲ့ ရောဂါ၊ သေမှာပဲ လို့ ပြောခဲ့၊ ပညာပေးခဲ့မိလို့ ရောဂါပိုး ရှိသူတွေကို အန္တရာယ် ပြုခံခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ တခြား နာတာရှည် ရောဂါလိုပဲ။ ရောဂါပိုးနဲ့ ရှင်သန် အသက်ရှည် နေလို့ ရပါတယ်လို့ ပြောပြန်တော့ အစွန်းရောက်သူတွေက “ ကာကွယ်ဖို့ မလိုတော့ဘူးလား ” လို့ ယူဆကြပြန်တယ်။ ရောဂါပိုးနဲ့ နေထိုင်ရသူတွေထဲမှာ အပြုအမူပိုင်းဆိုင်ရာမှာ အပြစ်ပြောစရာ လုံးဝ မရှိတဲ့ ကလေးငယ်တွေ၊ အိမ်ရှင်မတွေ၊ အမျိုးသား၊ အမျိုးသမီးတွေလဲ ပါနေတာမို့ အပြုအမူတွေကို အပြစ်ပြောဖို့လဲ ခက်ပါတယ်။ တကယ်ကတော့ ရောဂါပိုး ကူးစက်မှာကို ကြောက်ရွံ့ရင် ရောဂါပိုး ရှိသူတွေကို ရှောင်ရမှာ မဟုတ်ပါဘူး။ ရောဂါပိုး ကူးစက်စေနိုင်တဲ့ အပြုအမူတွေကို ရှောင်ကြဉ်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်ရမှာ။

ဆေးရှိနေပြီပဲ။ ရောဂါပိုးက အရေးကြီးသလား ? တကယ် ဆေးသောက်နေရတဲ့ သူတွေကို မေးကြည့်ပါ။ လွယ်သလားလို့။ ဆေးရဖို့ ခက်သလို၊ ဆေးရပြီးတဲ့ အခါမှာလဲ ဘေးထွက် ဆိုးကျိုးတွေကို အလူးအလဲ ခံရတာ ဘယ်လောက်ခက်တယ် ဆိုတာ ပြောရင် ပိုးရှိပြီးသား သူတွေကို စိတ်ဓာတ်ချ သလို ဖြစ်မလား။

မကြာသေးခင်က UNAIDS က ထွက်လာခဲ့တဲ့ ကြေငြာချက်ကလေးမှာ အခုအချိန်မှာ အိတ်ခ်ျအိုင်ဗွီပိုးနဲ့  နေထိုင်သူ လူလေးသန်းကျော်က အိတ်ခ်ျအိုင်ဗွီပိုး ပွားမှုနှုန်းကို ရပ်တန့် စေနိုင်တဲ့ အေအာတီ ဆေးကို ရရှိပြီ ဖြစ်ပါသတဲ့။ ဒါက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြွယ်ဝမှု အလယ်အလတ် ရှိတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကို ကြည့်ပြီး ပြောထားတာပါ။ အဲဒါက ပြီးခဲ့တဲ့ နှစ်ကထက် စာရင် ၃၆% တက်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ငါးနှစ်ကာလနဲ့ နှိုင်းယှဉ်ရင် ဆယ်ဆတောင် တက်လာတာ ဖြစ်ပါသတဲ့။ ဒါပေမယ့် ဒါက အေအာတီ ဆေးကို လိုအပ်နေသူတွေရဲ့ ၄၂% ပတ်ဝန်းကျင်ပဲ ရသေးတာ။

အဲဒီတော့ ဆေးမရသေးတဲ့သူ ၅၈% ပတ်ဝန်းကျင် ကျန်နေသေးတယ်။ ပြီးတော့ ယခု လက်ရှိ အခြေအနေအရ အေအာတီဆေး နှစ်ယောက် ရတိုင်းမှာ အသစ် ထပ်ပြီး ပိုးကူးခံ လိုက်ရတဲ့ သူက ငါးယောက်နှုန်းလောက် ဖြစ်နေတယ်လို့လဲ UNAIDS က ပြောပါတယ်။ ဒီနှုန်းအတိုင်း သွားနေရင် ဆေးက လုံလောက်မှု ရှိပါ့မလား။ ပုံမှန် ဆေးနဲ့ မနိုင်တဲ့ ပိုးအမျိုးအစားတွေ ရှိနေသေးတာကို မပြောဘဲ ထားမယ် ဆိုရင်တောင် အားတက်စရာ အများကြီး မရှိလှသေးဘူး။ ဒီလို ဆေးတွေ ရဖို့၊ ပေါ်လစီတွေ ပြောင်းဖို့ကို ကြိုးစားတဲ့ သူတွေက အသေအကြေ ကြိုးစားနေကြရချိန်မှာ လူတိုင်းလူတိုင်းကလဲ ကိုယ့်တာဝန် ကိုယ် ယူနိုင်သလောက် ယူသင့်တယ်လို့ ယူဆမိတယ်။ ကျွန်မ ပြောလေ့ရှိတာကတော့ ပိုးရှိသူ တစ်ဦးက နောက်တစ်ယောက်ကို ကူးစေခဲ့ရင် ကိုယ့်အတွက် ဆေးရနိုင်ခွင့် တစ်ယောက်စာ ပိုနည်းသွားအောင် လုပ်တာနဲ့ မတူဘူးလားလို့။

အိတ်ခ်ျအိုင်ဗွီပိုး ရှိသူနဲ့ မရှိသူတွေ အိမ်ထောင်ပြုထားကြတာတွေ ရှိပါတယ်။ တော်ရုံ မေတ္တာတွေနဲ့ ဟုတ်ကြမယ် မထင်ပါဘူး။

ကျွန်မ သိတဲ့ စုံတွဲကလေးကတော့ ကာယကံရှင် ပိုး ရှိသူ အမျိုးသားလေးက သူ့အမျိုးသမီးလေးအတွက် အမြဲတမ်း စိုးရိမ် သောက ရောက်နေရတယ်။ သွေးစစ်တိုင်း သူ့မှာ ကူးပြီလားလို့ ရင်တထိတ်ထိတ်နဲ့။ ဒါကို အားပေးတိုက်တွန်းမှာ မဟုတ်သလို၊ ကန့်ကွက် အပြစ်တင်မှာလဲ မဟုတ်ပါဘူး။ နှစ်ယောက် စလုံး ကိုယ့်အန္တရာယ်တွေကို သေသေချာချာ သိနားလည်ဖို့ လိုပါတယ်။

ပြီးတော့ အဲဒါတွေကို ဘယ်လို ကာကွယ် ရမယ် ဆိုတာကိုလဲ သေသေချာချာ သိနားလည်ထားဖို့ လိုပါတယ်။ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ ပို့စ်တွေ ဒီမှာ ရှိပြီးသားမို့ အများကြီး မပြောချင်တော့ပါဘူး။ ပိုနားလည်ချင်ရင် အဲဒီအကြောင်း အရာနဲ့ ပတ်သက်တဲ့ စာတွေကို များများ ဖတ်စေချင်ပါတယ်။ အသစ်တွေ့လာတဲ့ နည်းလမ်းတွေ၊ ကာကွယ်ဆေးတွေ၊ ပိုးသတ် ဆေးသုံးတာတွေကို သုတေသန ပြုလုပ်သူတွေက အကျိုးသက်ရောက်မှု အတိုင်းအတာ တစ်ခုအထိ ရှိတယ်လို့ပဲ ပြောနိုင်တာပါ။

ကာကွယ်နိုင်တဲ့ ရာခိုင်နှုန်းတွေက နည်းပါးနေပါသေးတယ်။

ယူဂန်ဒါ သမ္မတ ပြောဖူးတဲ့ စကားလေးကိုပဲ ပြန်ပြောရမယ် ထင်တယ်။

“ တကယ်လို့ သင့်လက်ကို ခြတောင်ပို့ထဲ သွားထည့်လို့ မြွေကိုက်ခံရတယ်ဆိုရင် ဘယ်သူ့ အပြစ်လဲ” တဲ့။

ပြောချင်တာက ခြတောင်ပို့ တိုင်းထဲမှာ မြွေရှိချင်မှ ရှိမှာပါ။ ဒါပေမယ့် မြွေရှိနိုင်တယ် ဆိုတာကိုတော့ သဘောပေါက် နားလည်ထားသင့်ပါတယ်။ ပြီးမှ မြွေကိုက်ခံရချင်လဲ ခံရပါစေ ဆိုရင်တော့လဲ မတတ်နိုင်ဘူးပေါ့လေ။ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ အားလုံး လူတိုင်း လူတိုင်း သိခွင့် နားလည်ထားခွင့် ရှိပါတယ်။ ဒါမှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာ။

HIV ဗိုင်းရပ်စ် ကူးစက် နိုင်သော နည်းလမ်း များမှာ –

ရောဂါ ပိုးရှိသူ နှင့် လိင်တူ လိင်ကွဲ ဆက်ဆံ ခြင်း၊ ရောဂါ ပိုးပါသော သွေးသွင်း မိခြင်း၊ ရောဂါ ပိုးရှိသူနှင့် ဆေးထိုးအပ် ဆေးထိုးပြွန် မျှဝေ သုံးစွဲ ခြင်း – ဆေးမင်ကြောင် ထိုးခြင်း ဓါတ်အပ် စိုက်ခြင်း၊ ရောဂါ ပိုးရှိသော သွေး/ ခန္ဓာကိုယ် အရည် များမှ ထိခိုက် ဒဏ်ရာ သို့ ထိမိ၍ ကူးစက်ခြင်း (ဥပမာ – ဆေးထိုး အပ်စူး မိခြင်း၊ ခန္ဓာ ကိုယ်ရှိ ပြတ်ရှ ဒဏ်ရာ – အခြား ဒဏ်ရာ များကို သွေးထိ မိခြင်း၊ မုတ်ဆိတ် ရိပ်ဓား မှ တစ်ဆင့် ထိရှ ကူးစက်ခြင်း)၊ ကိုယ်ဝန် ဆောင် မိခင် မှ ကလေး သို့ကူး စက်ခြင်း၊ စသည် တို့ ဖြစ် ပါတယ်။

HIV ဗိုင်းရပ်စ် ရောဂါ ကာကွယ် ခြင်းအနေ နဲ့ –

မလို အပ်ပဲ သွေး သွင်းမှု မခံယူပဲ မဖြစ် မနေ လိုအပ် ပါက သေချာစွာ စစ်ဆေး ရန်၊ ဆေးထိုး ပိုက် ဆေးထိုး အပ်များ ကို မျှဝေ သုံးစွဲ ခြင်း မပြုရန်၊ မသန့်ရှင်းသော ကိရိယာ များဖြင့် ဆေးမင် ကြောင်ထိုး ခြင်း ဓါတ်အပ် စိုက်ခြင်း မပြု လုပ်ရန်၊ ဆေးဝန် ထမ်းများ အနေဖြင့် မတော် တဆ ထိခိုက် မှုဖြစ်စေ မည့် အပြု အမူ မျိုး ရှောင်ကြဉ် ရန် နဲ့ ကာကွယ် ထားရန်၊ လိင်ဆက် ဆံရာ တွင် အကာ အကွယ် ကွန်ဒုံး အသုံး ပြုရန်၊ သွားတိုက်တံ မုတ်ဆိတ် ရိပ်ဓါး လက်သည်း ညှပ် များကို မျှဝေ သုံးစွဲ ခြင်း မပြုရန် တို့ ဖြစ်ပါတယ်.. သာမန် လက်ဆွဲ နှုတ်ဆက် ခြင်း၊ အတူ စားသုံး သွားလာ နေထိုင် ခြင်းတို့ ဖြင့် ရောဂါ ကူးစက် နိုင်ခြင်း မရှိပါ။ မိခင်တွင် HIV ကူးစက် ခံထား ရပါက ရင်သွေး ငယ်သို့ ကူးစက် မှု နည်းအောင် ကိုယ်ဝန် ဆောင် ကာလ နှင့် မီးဖွားစဉ် အတွင်း ဆေးသောက် ကာကွယ် နိုင်ပါတယ်။

မူရင်းသို့ – http://health.ngoinmyanmar.org/2009/10/hiv-aids.html

Advertisements

February 25, 2011 - Posted by | အေအိုင်ဒီအက်ကာရွယ်ရေး

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: