ကျောက်ပန်းတောင်းအသင်း

တက္ကသိုလ်ဝင် စာမေးပွဲ

ဆယ်တန်းတွေ စာမေးပဲ နီးလာနေပြီ။ အခုခေတ် ကလေးတွေလဲ ပင်ပန်းပါတယ်။ ကျောင်းကြီးတက်ရ ၊ ဘော်ဒါက စည်းကမ်းကြီး၊ နဝမတန်း ပြီးနောက် တပတ်လောက်နား ဒသမတန်း ပြန်တက်ရတယ်။ လာမယ့် ၇ ရက်နေရ ဆို စာမေးပွဲ စပြီ။ Mtalk ဆိုဒ်က သတင်း အရ သိရတယ်။ အပြည့်စုံ ဖတ်ကြည့်ကြပါခင်ဗျာ။

ယခုနှစ် ၂၀၁၁ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မတ်လ ၇ ရက်နေ့မှ စတင်ဖြေဆိုရမည်ဖြစ်ပြီး မရိုးသားသော နည်းများ ဖြင့် ဖြေဆိုကြောင်း တွေ့ရှိပါက တင်းကျပ်စွာ အရေးယူသွားမည်ဖြစ်ကြောင်း  သိရှိရသည်။ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ယခင် နှစ်များနှင့်မတူပဲ ဖြေဆိုမည့် ဘာသာရပ်တစ်ခုနှင့် တစ်ခုကြားတွင် ပိတ်ရက်များ ပေးထားကြောင်း တက္ကသိုလ်ဝင် စာမေးပွဲအချိန်စာရင်းအရ သိရှိရသည်။ ထို့ပြင် သိပ္ပံဘာသာတွဲ ယူသည့်သူများ အနေဖြင့် ယခင်နှစ်များကနှင့်မတူဘဲ ဘာသာရပ်ခြားကာ ပိတ်ရပ်များ ပေးထားခြင်းကြောင့် စာကြည့်ချိန် ပိုမိုရရှိစေသည်ကို ရန်ကုန် ပညာရေး တက္ကသိုလ်၏ အငြိမ်းစားဒုတိယ ပါမောက္ခချုပ်က ပြောကြား ခဲ့ပါသည်။

“ အဓိကတော့ စာမေးပွဲခန်းထဲကို မိုက်ခရို လို့ခေါ်တဲ့ ချုံထားတဲ့ စာရွက်တွေ ယူပြီး စာကူးချတာကို သက်ဆိုင်ရာ စာစစ်ဌာနတွေက တင်းကျပ်စွာ အရေး ယူသွားမှာ ဖြစ်ပါတယ်။ စာမေးပွဲ ဖြေဆိုသူတွေအနေနဲ့ ရိုးသားစွာ ဖြေဆိုဖို့ လိုအပ်သလို စာမေးပွဲဖြေဆိုနေတဲ့ အချိန်အတွင်းမှာ အဆင်ပြေအောင်လို့ သက်ဆိုင်ရာက စီစဉ်ပေးသွားမှာ ဖြစ်ပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး၏ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

Continue reading

Advertisements

March 4, 2011 Posted by | နယ်စုံသတင်း | Leave a comment

အရှင်ကုဏ္ဍလ (ခ) ကျော်ဆန်းဦး

အမည် ====== ကျော်ဆန်းဦး (ခ) အရှင်ကုဏ္ဍလ
အသက် ====== ၁၆ နှစ် အရွယ်
အရပ် အမြင့် === နှစ်ပေခွဲကျော် (၇၇ ဒသမ ၄၇ စင်တီမီတာ)
ကိုယ်အလေးချိန် =  မသိရသေး။
မွေးသက္ကရာစ် ==  ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ
မိဘများ ====== ဦးကျော်မြင့်နိုင် + ဒေါ်ကြည်ဝင်း
မွေးဇာတိ ===== မကွေးတိုင်း၊ ပေါက်မြို့။
စံချိန်တင် ===== မြန်မာနိုင်ငံ၏ အရပ်အပုဆုံး။
ထူးခြားချက် === ကမ္ဘာ့ အရပ်အပုဆုံး လူသား (၁၈ နှစ် အထက်) အဖြစ် ဂင်းနက်စ် စံချိန်တင်နိုင်။
မကွေးတိုင်း၊ ပေါက်မြို့ ရန်အောင်မြင် ကျောင်းတိုက်တွင် ကိုရင်ဝတ်ဖြင့်ပင် သီတင်းသုံးလျက်ရှိသည်။
ကိုးကား =  မြန်မာတိုင်း(မ်)။ သတင်း – နီလာဝင်း။

February 3, 2011 Posted by | နယ်စုံသတင်း | Leave a comment