ကျောက်ပန်းတောင်းအသင်း

ဆေးဖက်ဝင် မန်ကျည်းပင်

မန်ကျည်းပင်အကြောင်း အရင်တင်တဲ့ ပိုစ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။ အခုတင်တာက အမှိုက်ပုံးထဲ ပြစ်တော့မယ့် ကမ္ဘီရ စာအုပ်ထင်တယ် အဲဒီက ကတ်ကြေးနဲ့ ညှပ် ဓာတ်ပုံရိုက်ယူ ထားတာပါ။ အသေးစိပ် ပိုသိရအောင် ဖတ်ကြည့်ပါ။ အညာ ဒေသ ပေါက်တဲ့ သဘာဝ ပေါက်ပင်များပေါ့။ စကားစပ် လို့ စာလုံးပေါင်း မန်ကျည်းပင် ဆိုတာ အမှန်ဖြစ်လိမ့်မယ်ဗျ။

Continue reading

Advertisements

February 20, 2011 Posted by | အညာဒေသ သဘာဝပေါက်ပင် | | 1 Comment

အညာဒေသပေါက်တဲ့ ကုက္ကိုပင်

ကုက္ကိုပင် လို့ ဆိုလိုက်တာနဲ့ အပင်ကြီးမျိုး၊ အကိုင်း အခက်ဝေ့ဝဲလို့ စိမ်းစိမ်းဆိုဆိုနဲ့ အရိပ်ရ သစ်ပင် ဆိုတာ သိကြပါတယ်။ စာဥတို့ သူငယ်ချင်းတွေ ရေခတ်ဆင်းတဲ့ ရွာဦးက ကုက္ကိုပင်ပေါ့။ ကျွန်တော်တို့ ကျောက်ပန်းတောင်း မြို့ပေါ် မှာလဲ အများကြီးရှိပါတယ်။ မြို့ပတ်လမ်း မှာလဲရှိတယ်။ ချောက်ရေနံချောင်း သွားတဲ့ ကားဂိတ်၊ ဘူတာကြီး အဝိုင်းပတ်၊ နေရာစုံလို့ ရပ်ကွက်တိုင်းမှာ ကြီးမား အုံ့ဆိုင်းတဲ့ ကုက္ကိုပင် ကြီးတွေ ရှိပါတယ်။ တချို့ ကုက္ကိုပင်ခြေရင်းမှာ ထိုင်ခုံတန်းလေးတွေရှိတယ်။ စိမ်းမြမြကုက္ကိုပင်ခြေရင်းက ထိုင်ခုံရယ်၊ အတူထွဲ ထိုင်နေတဲ့ စုံတွဲရယ်၊ ပြာလွင်တဲ့ မိုးကောင်းကင်ရယ်ဆိုရင် လက်ရာ မြောက်တဲ့ ပန်ချီကားတချပ်ပေါ့။ ဆွဲစရာမလိုဘူး အဲဒီပန်ချီကား အညာမှာ ရှိတယ် သဘာဝအတိုင်းပဲပေါ့။

ကျွန်တော် ကျောင်းပြီးတာ ဆော်မကြည်တဲ့ Botany ဘာသာနဲ့ မဟုတ်ပါဘူး။ အသီးမှာ သရက် မေဂျာမှာ Maths ဆိုတဲ့ Mathematics နဲ့ပါ။ ဒါပေမယ့် ပူနွေးလာတဲ့ ကမ္ဘာကြီး ကို သနားလို့ အပင်တွေကို စိတ်ဝင်စားနေပါတယ်။ အဲတော့ သိသလောက် နည်းနည်းပြောမယ်။ ကုက္ကိုပင်မှာ ၂ မျိုးရှိတယ်။ တောကုက္ကိုပင် (အရွက်ရှည်) က အရွက်နုနုကို ပြုတ်ပြီး မြေပဲနဲ့ သုပ်စားလို့ရတယ်။ ရွာကုက္ကိုပင် (အရွက်တို) က အရွက်ကတော့ စားမရဘူး၊ ခါးတယ်။ (ရွာက ခွဲခြားတဲ့နည်းပါ) ။ ကုက္ကိုရွက် ၂ မျိုးစလုံး နွားစားပါတယ်။ အသီးလဲ နွားကြိုက်တယ်။

Continue reading

February 11, 2011 Posted by | အညာဒေသ သဘာဝပေါက်ပင် | 1 Comment