ကျောက်ပန်းတောင်းအသင်း

စကားဝါမြေ စာကြည့်တိုက်

ဝဘ်ဆိုဒ်တခု လုပ်ရတာ လွယ်သလောက် ထိန်းသိမ်းရတာ မလွယ်ပါဘူး။ ကျွန်တော်တို့ ကျောက်ပန်းတောင်း ဆိုဒ်က ဇာတိမြေကို အခြေခံတဲ့ဆိုဒ် ဇာတိမြေ ၇ဲ့ ဂုဏ်သတင်း ဆောင်နိုင်အောင် ထိန်းထိန်းသိမ်းသိမ်း ရေးရတယ်။ အများသူငှာ မငြိုညင်အောင် လဲ လုပ်ရတယ်။ သတင်း ဖတ်စရာ မှတ်စရာ စာပေ များတင်တဲ့အခါမှာလဲ ကိုယ်ပိုင် မူပိုင်ဆို ပြသနာ မရှိပေမယ့် ကော်ပီကူးယူ တယ်ဆိုရင် မူရင်း ပိုင်ရှင်ကို အသိပေးရပါတယ်။ ခွင့်ပြု မပြု မသိပဲ ကူးယူ ဖေါ်ပြမိပြန်တော့ ပြသနာက ရှင်းနေရမယ်။ စာပေ အနုပညာ နယ်ထဲ မေ၇ာက်ပေမယ့် ဆိုဒ်တခု ထူထောင်သူမှာ မူပိုင်ခွင့် ကို သဘာဝ လူမှုရေး သဘာတရား အတိုင်း လိုက်နာ ရပါတယ်။ စေတနာဖြင့် လူမှုရေး လုပ်သည် ဆိုသော်လဲ အစိုးရ နဲ့ မငြိအောင် ရေးရ ပြုရပါတယ်။

စကားဝါမြေ အွန်လိုင်း စာကြည့်တိုက်က အများသိကြတဲ့ အတိုင်း ကျောက်ပန်း တောင်းသားလေး ကိုရဲ ရဲ့ စာပေ မြတ်နိုးမှု နဲ့ မျှဝေလိုစိတ်ဖြင့် ထူထောင် ထားတဲ့ ဆိုဒ်ဖြစ်ပါတယ်။ စာအုပ်ဆိုဒ်က တော်တော်လေး လူသိများပြီး အောင်မြင်လာတယ်။ ဘာကြောင့်လဲဆိုတော့ နည်းပညာ စာအုပ်များ၊ သုတ ရသ စာအုပ်များ ထောင်နဲ့ချီလို့ တနေရာတည်းမှာ စုစည်းပေးထားခြင်းကြောင့် ဖြစ်ပါတယ်။ အွန်လိုင်းမှာ ပြန့်ကျဲနေတဲ့ အီးဘွတ်တွေကို စုစည်းပြီး အညွန်းများတပ်  စနစ်တကျ ထားသိုကာ နိုင်ငံတာမှ စာဖတ်ပရိတ်သပ်တို့ လွယ်ကူစွာ ဖတ်နိုင်ရန် စေတနာထား လုပ်ဆောင်ပေးနေခြင်းဖြစ်ပါတယ်။

အခုတော့ စကားဝါမြေ အွန်လိုင်း စာကြည့်တိုက်ကို  တိုက်ခိုက်ခြင်း ခံလိုက်ရပါတယ်။ ဒီနေ့ နံနက် အီးမေး စစ်တော့ အောက်ဖေါ်ပြပါ မေးကို တွေ့ရှိရခြင်ဖြစ်ပါတယ်။ စကားဝါမြေ ပြန်လည် ရပ်တည်နိုင်ရေး အတွက် ကူညီလိုသူများ ဆက်သွယ်နိုင်ကြရန် ဖေါ်ပြလိုက်ပါတယ်ခင်ဗျာ။

Continue reading

Advertisements

March 4, 2011 Posted by | ကျောက်ပန်းတောင်းသတင်း | | Leave a comment

မောင်ဗလကြီး (ခ) ဇော်ဗလအောင်

အမည် ======= မောင်ဗလကြီး (ခ) ဇော်ဗလအောင်
အသက် ====== ၁၁ နှစ် အရွယ်
အရပ် အမြင့် === ၂၅ လက်မ
ကိုယ်အလေးချိန် = ၁၀ ပေါင်
မွေးသက္ကရာစ် == ၁၃၆၁ ခုနှစ် တပေါင်းလဆန်း ၆ ရက်
မိဘများ ====== အဘ ဦးဝင်းလွင် + အမိ ဒေါ်ခင်လှ
မွေးဇာတိ ===== ကျောက်ပန်းတောင်းမြို့၊ ထန်းပေါက်ကုန်း ကျေးရွာ
စံချိန်တင် ===== မြန်မာနိုင်ငံ၏ အရပ်အပုဆုံး
ထူးခြားချက် === ကမ္ဘာ့ အရပ်အပုဆုံး လူသားအဖြစ် အသိအမှတ် ပြုနိုင်ရန်အတွက် ဂင်းနက်စ် အဖွဲ့ရုံးသို့ ကိုယ်ရေး အချက်အလက်မျာ ပေးပို့တင်ပြထား။

တွေ့ရှိ ဖေါ်ထုတ်သူ ==== စာရေးဆရာ သတင်းထောက်ခင် (သို့မဟုတ်) နတ်မျက်စိ
စာနယ်ဇင်းမိတ်ဆက်ပွဲ === ၂၀၁၀ ခုနှစ် ဇွန် ၂၂ ရက် ကရဝိတ်ခန်းမ
ဆက်နွယ်သော သတင်း == ကမ္ဘာပေါ်တွင် အရပ်အပုဆုံး လူသား တရုတ်နိုင်ငံမှ Pingping ဖြစ်။ ယခုနှစ် မတ်လ ၁၆ ရက်တွင် အသက်၂၁ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့။
Pingping မရှိတော့သည့် နောက် Pingping ထက် အရပ် ၄ လက်မခန့် နိမ့်သော ဗလကြီးက ကမ္ဘာပေါ်တွင် အရပ် အပုဆုံး လူသားအဖြစ် ပေါ်ထွက်လာနိုင်။
ကိုးကား = ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်။

February 3, 2011 Posted by | နယ်စုံသတင်း, ကျောက်ပန်းတောင်းသတင်း | Leave a comment