ကျောက်ပန်းတောင်းအသင်း

စာအုပ်မျိုးစုံလှူဒါန်းခြင်း

အဝေးရောက် ကျောက်ပန်းတောင်း အသင်းမှ ဓမ္မရောင်ခြည် ဓမ္မဒါန လုပ်ငန်းခွဲ (၁၀၂) ၊ ဆုတောင်းပြည့် မဟာစေတီကြီး၊ ဂေါပက အဖွဲ့ရုံး၊ ကျောက်ပန်းတောင်းမြို့ သို့  သုတ ရသ ဘာသာရေး စသည် စာအုပ်မျိုးစုံ လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

စာအုပ်မျိုးစုံ စုစုပေါင်း ၁၀၃ အုပ် လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။ အသေးစိပ် အချက်လက်များအား မှတ်တမ်း ဓာတ်ပုံများတွင် ကြည့်ရှု နိုင်ပါသည်။

ကျောက်ပန်းတောင်းအသင်း ဝဘ်ဆိုဒ်သည် ဟိုစ်တင်း ပြသနာ ကြောင့် ဖွင့်မရ ဖြစ်နေပါသည်။ ယာယီအနေဖြင့် ပြောင်းလဲထားခြင်းဖြစ်ပါသည်။

မေတ္တာဖြင့် – အဝေးရောက်ကျောက်ပန်းတောင်းအသင်း။

March 19, 2011 Posted by | အသင်း၏သတင်း | | Leave a comment

ဗုဒ္ဓဘာသာနှင့် ဗေဒင်၊ နတ္ခတ်

“နက္ခတ္တံ ပဋိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ။

အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာတိ။”

နက္ခတ်ကောင်းကို စောင့်မျှော်နေသော လူမိုက်ကို ကောင်းကျိုးချမ်းသာများက လွန်မြောက် သွားကြသည်။ ကောင်းသောအလုပ်ကို စလုပ်သောနေ့သည်ပင် ကောင်းသော နက္ခတ်ဖြစ်၏။ ကောင်းကင်မှာ သွားနေသော နက္ခတ်များသည် အဘယ်အကျိုးစီးပွားမှ ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်။

(ဧကနိပါတ်၊ နက္ခတ္တဇာတက၊ န၀မဇာတက (၁)၊ စာမျက်နှာ(၁၂) )။

ကျွန်တော်တို့တွေသည် ဘာသာတရားအရပြောရရင် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ မြတ်ဗုဒ္ဓ၏ အဆုံးအမတွေကို လိုက်နာကျင့်ကြံတဲ့သူလို့ အရိုးရှင်းဆုံး ပြောလို့ရပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် အခြေခံအားဖြင့် ကံနှင့် ကံ၏ အကျိုးကို ယုံကြည်ရပါမယ်။ အဲဒီလို ယုံကြည်လိုက်တာကို ကမ္မဿကတသမ္မာဒိဋ္ဌိဉာဏ် ရှိတယ် လို့ ဆိုပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘုရား၊ တရား၊ သံဃာသည်သာ ကိုးကွယ်အားထားရာအမှန်လို့ ရွတ်ဆိုနေပြီးတော့ အခြားသော လောကီပညာရပ်တွေအပေါ်မှာ အားထားရာအနေဖြင့် လုပ်ဆောင်လာကြသည်မှာ မသင့်တော်ပါ။ ဘာလို့ဒီလို တွေ ဖြစ်လာကြလဲ ဆန်းစစ်ကြည့်ရင် ကံ၊ ကံ၏ အကျိုးအပေါ်မှာယုံကြည်ချက် အားနည်းမှု၊ လောကီရေးရာ လတ်တလော အဆင်ပြေချင်မှုတွေကို တောင့်တမက်မောတဲ့အတွက်ကြောင့်လို့ သုံးသပ်မိပါတယ်။ လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်လုပ်ဆောင်တာဖြစ်လို့ မိမိတို့ အားထားချင်ရာတွေကို လုပ်ဆောင်ကြတာ အပြစ်ဆိုခြင်း မဟုတ်ပါဘူး။ အမှား၊ အမှန် သေချာခွဲခြား သိစေချင်တာပါ။ ဗေဒင်၊ နတ်၊ ဘိုးတော်၊ မယ်တော်၊ နက္ခတ်တွေအပေါ်မှာ ယုံကြည်မှု၊ အားထားရာတစ်ခုလို့ ထင်မှတ်နေခြင်းတွေသည် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ လုံးဝ မသင့်တော်ပါဘူး။

Continue reading

March 18, 2011 Posted by | ထေရဝါရမြတ်ဗုဒ္ဓသာသနာ | Leave a comment